Google Keep – Notes and Lists
ယနေ့ခေတ်မှာ အလုပ်များလွန်းတဲ့ဘဝတွေအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ အလုပ်တာဝန်တွေ၊ ကိုယ်ရေးကိုယ်တာ အမှတ်တရတွေ၊ ဖန်တီးမှုဆိုင်ရာ အိုင်ဒီယာတွေကို သိမ်းဆည်းဖို့ Google Keep ဟာ အကောင်းဆုံး Tool တစ်ခုဖြစ်ပါတယ်။
Google Keep ဆိုတာဘာလဲ?
Google Keep ဟာ Google ကဖန်တီးထားတဲ့ အခမဲ့ မှတ်စု App တစ်ခုဖြစ်ပြီး အိုင်ဒီယာတွေရေးမှတ်ဖို့၊ Checklist လုပ်ဖို့၊ Reminder သတ်မှတ်ဖို့နဲ့ အခြားသူတွေနဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ အဆင်ပြေပါတယ်။ Web, Android နဲ့ iOS အားလုံးမှာ အသုံးပြုနိုင်ပြီး သင့်ရဲ့မှတ်စုတွေကို ဘယ်နေရာကနေမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Google Keep ရဲ့ အဓိက Features များ
- ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ ပုံစံရှိပြီ တခြား App တွေလို ရှုပ်ထွေးမှုမရှိဘဲ အလွယ်တကူ မှတ်စုရေးနိုင်ပါတယ်။
- မှတ်စုတွေကို အရောင်တွေနဲ့ခွဲခြားနိုင်ပြီး Label တွေသတ်မှတ်နိုင်တာကြောင့် အလွယ်တကူရှာဖွေနိုင်ပါတယ်။
- အသံသွင်းပြီး စာသားအဖြစ် အလိုအလျောက် ပြောင်းပေးနိုင်ပါတယ်။ ဓာတ်ပုံတွေလည်း မှတ်စုထဲ ထည့်သွင်းနိုင်ပါတယ်။
- အရေးကြီးတဲ့အလုပ်တွေကို အချိန်သတ်မှတ်ချက် (သို့) နေရာသတ်မှတ်ချက် (ဥပမာ – ဈေးဝယ်စင်တာရောက်ရင် အသိပေးချက်) တွေနဲ့ မမေ့အောင် စီမံနိုင်ပါတယ်။
- မိသားစုဝင်တွေ၊ အလုပ်အဖွဲ့ဝင်တွေနဲ့ မှတ်စုတွေကို Share လုပ်ပြီး တစ်ပြိုင်နက် တည်းပြင်ဆင်နိုင်ပါတယ်။
- အင်တာနက်မရှိရင်တောင် မှတ်စုတွေကိုကြည့်ရှုပြင်ဆင်နိုင်ပြီး အင်တာနက်ပြန်ရတဲ့အခါ Sync လုပ်ပေးပါတယ်။
Google Keep ကိုဘာကြောင့်သုံးသင့်လဲ?
မြန်ဆန်ပြီး ရိုးရှင်းတယ် ဖုန်း၊ ကွန်ပျူတာ အားလုံးမှာ Sync လုပ်နိုင်တယ် အခမဲ့ဖြစ်ပြီး လိုအပ်တဲ့ Features တွေပါဝင်တယ် စိတ်ကူးသစ်တွေကို အလွယ်တကူမှတ်သားနိုင်တယ်။
Google Keep သုံးမယ်ဆိုရင်တော့ ဂျီမေးလ် ဒါမှမဟုတ် ဂူးဂဲအကောင့် ရှိရပါမယ်။ ကိုယ်သုံးတဲ့ ဖုန်း၊ တက်ပလက်၊ ကွန်ပြူတာနဲ့ Browser ကနေ ဘုံအဖြစ် အသုံးပြုနိုင်တဲ့အတွက် အချိန်ကုန်သက်သာမှာ ဖြစ်ပါတယ်။
လွယ်ကူရိုးရှင်းပြီး အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ကျောင်းသားဖြစ်ဖြစ်၊ အလုပ်လုပ်နေသူဖြစ်ဖြစ် နေ့စဉ်ဘဝကို ပိုမိုစနစ်ကျစေဖို့ Google Keep ကို အခုပဲ စမ်းသုံးကြည့်ပါ!
Google Play Store: Download
Apple Store: Download
Chrome Extension: Download