Audacity (အသံဖိုင် ပြင်သည့်ဆော့ဝဲ)
September 25, 2020

Audacity – အော်ဒက်စီတီ လို့ အသံထွက်ပါမယ်။ ဒီဆော့ဝဲလေးကတော့ အသံဖိုင်တွေကို လိုအပ်သလို ပြင်ဆင်နိုင်ပြီး open-source ဆော့ဝဲတစ်ခုဖြစ်လို့ Windows, Mac နဲ့ Linux OS တွေပေါ်မှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။
အသံဖိုင်တွေမှာ အမြဲပါတတ်တဲ့ စက်ရဲ့ ဆူညံမှုတွေကို ဖျောက်ပေးနိုင်ခြင်း၊ မလိုအပ်တဲ့ အပိုင်းတွေ ဖြတ်တောက်ခြင်း၊ အသံဖိုင်ကို အသံချဲ့ခြင်း စသည့် စသည့် အမျိုးမျိုး လုပ်ဆောင်နိုင်ပါတယ်။ အခုမှ စပြီး သုံးတဲ့သူတွေ အတွက်တော့ အနည်းငယ် အခက်အခဲလေးတွေ ရှိနေနိုင်ပါတယ်။ သုံးနေကြဖြစ်လာပြီဆိုရင်တော့ ကျွမ်းကျင်လာမှာ အမှန်ပါပဲ။ စမ်းပြီး သုံးကြည့်လိုက်ပါ။
Download Link: Audacity