VSDC Free Video Editor (ဗွီဒီယို အယ်ဒီတာ)

@videosoftdev.com

ဒီ Video Editor အကြောင်း ပထမဆုံး ပြောချင်တာကတော့ Free Version အနေနဲ့ကို Function တွေ တော်တော်များများ အသုံးပြုလို့ ရနေတာကို တွေ့ရပါတယ်။ အလကား ပေးထားတာပဲဆိုပြီ တချို့ Video Editor တွေလို ဖွီဒီယိုဖိုင် ထုတ်ယူဖို့ ဟိုဟာချန်၊ ဒီဟာ ကန့်သတ် အဲ့ဒါမျိုး လုပ်ထားတာ မရှိပါဘူး။ ကိုယ်တိုင်လည်း စပြီး သုံးကြည့်တာ တော်တော်လေး သဘောကျပါတယ်။ ကိုယ်တိုင်လည်း အခုမှ YouTube Channel အတွက် ဗွီဒီယိုလေးတွေ စပြီး ထုတ်ကြည့်တာ အဆင်ပြေတာကို တွေ့လို့ အခုလို အကြံပေး ရေးသားခြင်းဖြစ်ပါတယ်။

အနိမ့်ဆုံး ကွန်ပြူတာလိုအပ်ချက်လေးကတော့

  • Microsoft Windows XP SP3 ကနေ Win10 အထိ အသုံးပြုနိုင်
  • Intel သို့မဟုတ် AMD Processor 1.5GHz ကနေ အမြင့်ဆုံးထိ
  • Screen resolution ကတော့ 1024×768 pixels ကို ရွေးချယ် လုပ်ဆောင်နိုင်ဖို့လို
  • Ram အနေနဲ့ကတော့ အနိမ့်ဆုံး 1Gb လို့ ဆိုထားပေမယ့် 4Gb မှ ပိုအဆင်ပြေတာကို တွေ့ရ

ကိုယ်တိုင်သုံး ကွန်ပြူတာကတော့ Intel Core i5 2.5GHz ဖြစ်ပြီး Ram ကတော့ 5Gb အထက် အသုံးပြုထားလို့ အဆင်ပြေပါတယ်။ တချို့ Function တွေ မသုံးတတ်တာကိုတော့ YouTube မှာ VSDC Video Editor ဆိုပြီး ရိုက်ရှာလိုက်တာနဲ့ Video Tutorial လေးတွေ လေ့လာနိုင်ပါတယ်။ အခုမှ စပြီး Video Editor သုံးချင်တဲ့သူတွေအတွက် Beginner Level အချင်းချင်း အကြံပေးတာပါနော်။ Pro Version လည်း ဝယ်လို့ရပါတယ်။ ၁ နှစ်ကို ဒေါ်လာ ၂၀ လောက်တော့ ကုန်ကျပါမယ်။

Download Now